ပုုဒ်မ ၃၇
ပုုဒ်မ ၃၇
ရွေးကောက်ပွဲကျင်းပခြင်း

မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသည် ယင်းသို့မဲရုံများ သတ်မှတ်ရာတွင် လွှတ်တော်တစ်ရပ်တည်း အတွက်သာမဟုတ်ဘဲ အခြားလွှတ်တော်များအတွက်ပါ ရွေးကောက်ပွဲများကို တစ်ပြိုင်တည်း ကျင်းပ သဖြင့် တစ်ချိန်တည်းတွင် ဆန္ဒမဲပေးရန်ရှိပါက လွှတ်တော်တစ်ရပ်စီအတွက် သတ်မှတ်ထားသော မဲရုံ များကို ကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ မဲရုံတစ်ရုံတည်းတွင် အခန်းများခွဲ၍ သတ်မှတ်ခြင်းနှင့် ဆောက်လုပ်စေခြင်း ပြုနိုင်သည်။