ပုဒ်မ ၂ (၁၇)
ပုဒ်မ ၂ (၁၇)
ပြည်သူ့အရာထမ်း

"ပြည်သူ့အရာထမ်း” ဆိုသည်မှာ အောက်ပါပုဂ္ဂိုလ်တစ်ဦးဦးကို ဆိုသည် – 

(က) တရားသူကြီး၊(every Judge)

( ခ ) ပြန်တမ်းဝင်အရာရှိနှင့် အထက်အရာရှိ(every gazetted officer and the superior officer of Civil Services)

( ဂ) ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ပြီးသော သို့မဟုတ် အစိုးရပြန်တမ်းတွင် ထုတ်ပြန်ပြီးသော တပ်မတော် အရာရှိ ၊ပြန်တမ်းဝင်အရာရှိ နှင့် နိုင်ငံ့ဝန်ထမ်း အထက်အရာရှိ အသီးသီး every commissioned or gazetted officer of Defence Services)၊ 

(ဃ) ဥပဒေ သို့မဟုတ် အကြောင်းခြင်းရာ ကိစ္စတစ်ရပ်ရပ်ကို စုံစမ်းရန် သို့မဟုတ် အစီရင်ခံရန်၊ စာတမ်းအမှတ်အသား ပြုလုပ်ရန်၊ မှန်ကန်ကြောင်း အတည်ပြုရန် သို့မဟုတ် ထိန်းသိမ်းရန်၊ ပစ္စည်းတစ်စုံတစ်ရာကို ထိန်းသိမ်းရန် သို့မဟုတ် စီမံခန့်ခွဲရန်၊ တရားရုံးအမိန့်ဆင့်စာများကို အတည်ပြုရန်၊ ကျမ်းသစ္စာတိုက်ရန်၊ ဘာသာပြန်ဆိုရန် သို့မဟုတ် တရားရုံးတွင် စည်းကမ်းထိန်းသိမ်းရန် တာဝန်ရှိသော တရားရုံးအရာရှိနှင့် ယင်းတာဝန်တစ်ရပ်ရပ်ကို ဆောင်ရွက်ရန် တရားရုံးက သီးခြားအခွင့်အာဏာ အပ်နှင်းထားခြင်းခံရသူ 

(င) တစ်ဦးတစ်ယောက်သောသူကို ချုပ်နှောင်ပိုင်ခွင့် သို့မဟုတ် ချုပ်နှောင် ထားပိုင်ခွင့် အာဏာရ ရာထူးလက်ရှိဖြစ်သူ၊

(စ) ရာထူးအလျောက် ပြစ်မှုများကို တားမြစ်ရန် သို့မဟုတ် ပြစ်မှုအကြောင်း အရာကို သတင်းပေးရန် သို့မဟုတ် ပြစ်မှုကျူးလွန်သူတို့ကို ဥပဒေနှင့်အညီ ဖြစ်စေရန် သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးကိုဖြစ်စေ၊ လုံခြုံရေးကို ဖြစ်စေ၊ သက်သာရေးကိုဖြစ်စေ၊ စောင့်ရှောက်ရန်သော် လည်းကောင်း တာဝန် ဝတ္တရား ရှိသော အစိုးရအရာရှိ၊

(ဆ) ရာထူးအလျောက် အစိုးရအတွက် ပစ္စည်းကို ရယူရန်၊ လက်ခံရန်၊ ထိန်းသိမ်းထားရှိရန် သို့မဟုတ် သုံးစွဲရန် တာဝန်ရှိသော အရာရှိ၊ အစိုးရအတွက် စစ်ဆေးခန့်မှန်း တိုင်းတာရန်၊ တန်ဖိုးဖြတ်ရန်၊ အခွန်စည်းကြပ်ရန် သို့မဟုတ် ပဋိညာဉ်ပြုရန် တာဝန်ရှိသော အရာရှိ၊ အခွန်နှင့် စပ်လျဉ်းသည့် အမိန့်ဆင့်စာများကို အတည်ဖြစ်အောင် ဆောင်ရွက်ရန် တာဝန်ရှိသော အရာရှိ၊ အစိုးရ၏ ငွေကြေးအကျိုးစီးပွားဆိုင်ရာ အမှုကိစ္စများကို စုံစမ်းစစ်ဆေးရန် သို့မဟုတ် အစီရင်ခံရန် တာဝန်ရှိသော အရာရှိ၊ အစိုးရ၏ ငွေကြေးအကျိုးစီးပွားဆိုင်ရာ စာတမ်းအမှတ်အသားကို ပြုလုပ်ရန်၊ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးရန် သို့မဟုတ် ထိန်းသိမ်းထားရှိရန် တာဝန်ရှိသော အရာရှိ၊ အစိုးရ၏ ငွေကြေးအကျိုးစီးပွားကို စောင့်ရှောက်ရန် အလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေကို ကျူးလွန်ဖောက်ဖျက်ခြင်း မရှိစေရအောင် တားဆီးရန် တာဝန်ရှိသော အရာရှိ ၊ ထို့ပြင်

(ဇ) နိုင်ငံတော်/အစိုးရက ခန့်ထား၍ အမှုကို ထမ်းရွက်သူ သို့မဟုတ် လစာရရှိသော အရာရှိ အသီးသီး၊ သို့မဟုတ် အများပြည်သူဆိုင်ရာ တာဝန်ဝတ္တရား ဆောင်ရွက်ရေးအတွက် အခကြေးငွေ သို့မဟုတ် ကော်မရှင် ရရှိသော အရာရှိ