ပုဒ်မ ၃၄၅
ပုဒ်မ ၃၄၅
ပြစ်မှုများကို ကျေးအေးခြင်း

(၁) အောက်ဖော်ပြပါ စာရင်းဇယား၏ ပထမစာတိုင်နှစ်ခုတွင် သတ်မှတ် ဖော်ပြထားသည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများအရ ပြစ်ဒဏ်စီရင်ထိုက်သော ပြစ်မှုများကို ထိုစာရင်းဇယား၏ တတိယစာတိုင်တွင် ဖော်ပြပါရှိသူများက ကျေအေးနိုင်သည်။


(၂) အောက်ဖေါ်ပြပါ စာရင်းဇယား၏ ပထမစာတိုင်နှစ်ခုတွင် သီးခြားဖေါ်ပြထားသည့် ရာဇသတ်ကြီး ပုဒ်မများအရ ပြစ်ဒဏ်စီရင်ထိုက်သော ပြစ်မှုများကို ၎င်းပြစ်မှုအတွက် တရားစွဲဆိုမှု ရှိနေသည့် တရားရုံး၏ ခွင့်ပြုချက်ဖြင့် ထိုစာရင်းဇယား၏ တတိယစာတိုင်တွင် ဖေါ်ပြပါရှိသူများက ကျေအေးနိုင်သည်။

(၃) ပြစ်မှုတစ်စုံတစ်ရာသည် ဤပုဒ်မအရ ကျေအေးနိုင်လျှင် အဆိုပါပြစ်မှုကိ အားပေးကူညီမှု သို့မဟုတ် အဆိုပါပြစ်မှုကို ကျူးလွန်ရန် အားထုတ်မှု( ယင်းအားထုတ်မှုသည် ပြစ်မှုမြောက်သည့် အခါ)ကိုလည်း အလားတူကျေအေးနိုင်သည်။

(၄) ပြစ်မှုတစ်ရပ်ကို ဤပုဒ်မအရ အခြားနည်းအားဖြင့် ကျေအေးပေးနိုင်သူမှာ အသက်တစ်ဆယ့်ရှစ်နှစ်အောက် သို့မဟုတ် ဝမ်းတွင်းရူးသူ သို့မဟုတ် ရှူးသွပ်သူဖြစ်နေသောအခါ ၎င်းကိုယ်စား ပဋိဉာဉ်ပြုရန် အရည်အချင်းရှိသူ မည်သူမဆို တရားရုံး၏ ခွင့်ပြုချက်ဖြင့် အဆိုပါပြစ်မှုကို ကျေအေးနိုင်သည်။

(၅) တရားခံအား စစ်ဆေးစီရင်ရန်အတွက် လွှဲအပ်တင်ပို့ပြီးသောအခါ၌ဖြစ်စေ၊ တရားခံအား ပြစ်မှုထင်ရှားစီရင်ပြီး၍ အယူခံမှု တင်သွင်းသော အခါ၌ဖြစ်စေ ၎င်းအား တင်ပို့သဖြင့် လက်ခံရရှိသည့်တရားရုံး၏ သို့မဟုတ် အယူခံမှုကို ကြားနာသည့် တရားရုံး၏ခွင့်ပြုချက်မရဘဲ ယင်းပြစ်မှုကို ကျေအေးခွင့်မပြုရ။

(၅-က)ပြည်ထောင်စု တရားလွတ်တော်ချုပ်က ဖြစ်စေ၊ တိုင်းဒေသကြီးတရားလွတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ကဖြစ်စေ၊ ခရိုင်တရားရုံးကဖြစ်စေ၊ ပုဒ်မ ၄၃၉အရ မိမိ၏ ပြင်ဆင်မှုအာဏာများကို သုံးစွဲလျက် ဤပုဒ်မအရ ကျေအေးနိုင်သည့် မည့်သည့်ပြစ်မှုကိုမဆို ကျေအေးခွင့်ပြုနိုင်သည့် အရည်အချင်းရှိသူအား ကျေအေးခွင့် ပြုနိုင်သည်။

(၆) ပြစ်မှုတစ်ရပ်ကို ဤပုဒ်မအရ ကျေအေးခြင်းသည် ကျေအေးလိုက်သည့် ပြစ်မှုနှင့် စပ်လျဉ်သည့် တရားခံအား အမှုမှာ အပြီးပြတ်လွဝ်သည့် အကျိုးသက်ရောက်စေရမည်။

(၇) ဤပုဒ်မပါ ပြဌာန်းထားသည့် အတိုင်းမှတစ်ပါး မည်သည့် ပြစ်မှုကိုမျှ မကျေအေးစေရ။



ကျင့်ထုံး