(က) ပြည်ထောင်စုသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များကကောက်ခံခွင့်ရှိသော ဇယား ၅ ပါ အခွန်အခများမှအပ အခြားအခွန်အခများကို ဥပဒေနှင့်အညီကောက်ခံ၍ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေသို့ ပေးသွင်းရမည်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရန်သတ်မှတ်ထားသည့် ရငွေများနှင့် အခွန် အခအမျိုးအစားများကို ပြည်ထောင်စုနယ်မြေများအတွက် ကောက်ခံရန်ရှိပါက ပြည်ထောင်စုက ဥပဒေ နှင့်အညီကောက်ခံပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်၊
(ဂ) ပြည်ထောင်စုသည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကို ဥပဒေနှင့်အညီ သုံးစွဲခွင့်ရှိသည်။