ပုဒ်မ ၃၅၁
ပုဒ်မ ၃၅၁
တရားရုံးသို့ လာရောက်သောပြစ်မှုကျူးလွန်သူများအား ချုပ်နှောင်ထားခြင်း

(၁) ဖမ်းဆီးခြင်း၊ သို့မဟုတ် သမ္မန်စာဖြင့် ဆင့်ခေါ်ခြင်းခံရသူမဟုတ်သော်လည်း ရာဇဝတ် တရားရုံးသို့ လာရောက်သည့် မည်သူ့ကိုမဆို သက်သေခံချက်များအရ ၎င်းကျုးလွန်ခဲ့ပုံ ပေါ်ပြီး ယင်းတရားရုံးက စစ်ဆေးစီရင်ပိုင်သည့် ပြစ်မှုတစ်စုံတစ်ရာအတွက် စုံစမ်းစစ်ဆေးရန်၊ သို့မဟုတ် စစ်ဆေးစီရင်ရန်ကိစ္စအလို့ငှာ ထိုသူကို အဆိုပါတရားရုံးက ချုပ်ထား နိုင်သည်။ ၎င်းအပြင် ထိုသူ့ကိုဖမ်းဆီးခြင်း၊ သို့မဟုတ် သမ္မန်စာဖြင့်ဆင့်ခေါ်ခြင်းဖြစ်သကဲ့သို့ ထိုအမှုကို ဆက်လက်ဆောင်ရွက်သွားနိုင်သည်။

(၂) အခန်း၁၈ အရ စုံစမ်းစစ်ဆေးဆဲအခါတွင်ဖြစ်စေ၊ စစ်ဆေးစီရင်မှုစတင် ပြီးနောက်ဖြစ်စေ ချုပ်ထားခြင်းကို ပြုလုပ်သောအခါ ထိုသူနှင့် စပ်လျဉ်းသည့် မှုခင်းကိစ္စ ဆောင်ရွက်ချက်များကို အသစ်ပြန်လည်ဆောင်ရွက်၍ သက်သေများကို ပြန်လည်ကြားနာရမည်။