သေဒဏ်စီရင်ချက်တစ်ရပ်ကို အတည်ပြုပေးရန်အတွက် စက်ရှင်တရားရုံးက တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ချုပ်သို့ တင်ပို့သည့် အမှုများတွင် တရားလွှတ်ဘော်၏ သက်ဆိုင်ရာအရာရှိက တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ချုပ်၏ အတည်ပြုအမိန့်၊ သို့မဟုတ် အခြားအမိန့်ချမှတ်ပြီးသောအခါ နှောင့်နှေးခြင်းမရှိဘဲ အမိန့်မိတ္တူတစ်စောင်ကို တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ချုပ်၏ ရုံးတံဆိပ်ခတ်နှိပ်၍ မှန်ကန်ကြောင်း မိမိ၏ရာထူး အမည်လက်မှတ်ရေးထိုးပြီး စက်ရှင်တရားရုံးသို့ ပေးပို့ရမည်။