ပုဒ်မ ၂၇၉
ပုဒ်မ ၂၇၉
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များ၏ အုပ်ချုပ်မှု အခွင့်အာဏာ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည်-

(က) ပြည်ထောင်စုအစိုးရ၏ မူဝါဒများနှင့် မဆန့်ကျင်စေဘဲ မိမိနယ်မြေဒေသအတွင်းဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ငန်းအစီအစဉ်များကိုရေးဆွဲလျက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရနှင့်ညှိနှိုင်းထားရှိရမည်၊

(ခ) နှစ်စဉ်အရအသုံး ခန့်မှန်းခြေငွေစာရင်းကိုရေးဆွဲလျက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်အစိုးရနှင့် ညှိနှိုင်း၍ သဘောတူညီချက် ရယူရမည်၊

(ဂ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ မိမိနှင့်သက်ဆိုင်သည့် ခွင့်ပြုဘဏ္ဍာငွေကို သတ်မှတ်ထားသည့် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်း များနှင့်အညီ သုံးစွဲခွင့်ရှိသည်၊

(ဃ) ဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခြင်းမပြုနိုင်သဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရထံမှ ဘဏ္ဍာငွေအရအသုံးဆိုင်ရာခွင့်ပြုချက်ကို အချိန်မီမရရှိပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က နောက်ဆုံးပြဋ္ဌာန်းထားသည့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ ခွင့်ပြုထားသည့် သာမန်အသုံးစရိတ်ဘောင်အတွင်း သုံးစွဲခွင့်ရှိသည်။