မည်သူတစ်ဦးတစ်ယောက်ကိုမဆို အာမခံသူများနှင့်ဖြစ်စေ၊ အာမခံသူများမပါ ဘဲဖြစ်စေ ခံပန်ချုပ်စေရန် တရားရုံးတစ်ရုံး၊ သို့မဟုတ် အရာရှိတစ်ဦးဦးက တောင်းဆိုသည့်အခါ အဆိုပါခံဝန်ချုပ်ကို ချုပ်ဆိုစေမည့်အစား ကောင်းမွန်စွာနေထိုင်ရန်အတွက် ချုပ်ဆိုသည့် ခံဝန်ချုပ်မှတစ်ပါး ထိုတရားရုံး၊ သို့မဟုတ် အရာရှိက သတ်မှတ်ပေးသည့် အရေအတွက်ရှိသော ငွေတစ်ရပ်ကိုဖြစ်စေ၊ အစိုးရငွေပေးကတိစာချုပ်ကိုဖြစ်စေ တင်သွင်းစေရန် ခွင့်ပြုနိုင်သည်။