သမ္မန်စာ သို့မဟုတ် ဝရမ်းထုတ် ဝရမ်းထုတ်ဆင့်ခွင့် အာဏာရှိသည့် တရားရုံး၏ အကြီးအကဲ အရာရှိက တရားရုံးသို့ရောက်ရှိရန်ဖြစ်စေ၊ ဖမ်းဆီးရန်ဖြစ်စေ၊ သမ္မန်စာသို့မဟုတ် ဝရမ်းထုတ်ဆင့်ခြင်း ခံရမည့်သူသည် အဆိုပါ တရားရုံးတွင် ရောက်ရှိနေခဲ့လျှင် အဆိုပါအရာရှိသည် တရားရုံးသို့ ထိုသူ ရောက်ရှိစေရန်အတွက် အာမခံသူများနှင့်ဖြစ်စေ၊ အာမခံသူများမပါဘဲဖြစ်စေ ခံဝန်ချုပ်ဆိုစေရန် တောင်းဆိုနိုင်သည်။