ပုဒ်မ ၁၂၂
ပုဒ်မ ၁၂၂
တရားလွှတ်တော်၏ နည်းဥပဒေပြုပိုင်ခွင့်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် မိမိအတွက် လုပ်ထုံးလုပ်နည်းကိုလည်းကောင်း၊ မိမိ၏ကြီးကြပ် အုပ်ချုပ်မှုအောက်တွင်ရှိသော တရားမရုံးများအတွက် လုပ်ထုံးလုပ်နည်းကို လည်းကောင်း သတ်မှတ်သည့် နည်းဥပဒေများကို ကြိုတင်ထုတ်ပြန်ကာ အခါအားလျော်စွာ ပြုလုပ်နိုင်သည့်အပြင် အဆိုပါ နည်းဥပဒေများဖြင့် ပထမဇယားပါ နည်းဥပဒေများ အားလုံးကိုဖြစ်စေ၊ နည်းဥပဒေ တစ်ရပ်ရပ်ကို ဖြစ်စေ ပယ်ဖျက်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း သို့မဟုတ် ဖြည့်စွက်ခြင်းလည်း ပြုနိုင်သည်။