အာမခံမပေးနိုင်သော ဝရမ်းအရ ရဲအရာရှိတစ်ဦးက လူတစ်ဦးတစ်ယောက်အား ဖမ်းဆီးရမိ သည့်အခါတွင်ဖြစ်စေ သို့မဟုတ် အာမခံပေးရမည့်ဝရမ်းအရ ဖမ်းဆီးခြင်းဖြစ်သော်လည်း ဖမ်းဆီးခြင်း ခံရသူက အာမခံမပေးနိုင်သည့် အခါမျိုးတွင်ဖြစ်စေ၊ ထို့ပြင် တစ်စုံတစ်ယောက်သောသူသည် ဝရမ်း မပါဘဲ အဖမ်းခံရပြီး သို့မဟုတ် ဝရမ်းအရ အရပ်သားတစ်ဦး၏ ဖမ်းဆီးခြင်းခံရပြီး ဥပဒေအရ အာမခံ ပေးခွင့်မရသော အခါတွင်ဖြစ်စေ သို့မဟုတ် အာမခံမပေးနိုင်သည့်အခါတွင်ဖြစ်စေ ဖမ်းဆီးသည့် ရဲအရာရှိက သော်လည်းကောင်း သို့မဟုတ် အရပ်သားက ဖမ်းဆီးခြင်းဖြစ်ပြီး ယင်းအရပ်သားက ဖမ်းဆီးထားသူကို လွှဲအပ်ခြင်းခံရသည့် ရဲအရာရှိကသော်လည်းကောင်း ထိုဖမ်းဆီးခြင်းခံရသူ၏ ခန္ဓာကိုယ်သို့ ရှာဖွေနိုင်သည့်အပြင် ၎င်းဝတ်သင့် ဝတ်ထိုက်သော အဝတ်အစားမှလွဲ၍ ၎င်းထံမှ တွေ့ရှိသမျှပစ္စည်းများကို လုံခြုံစွာ ထိန်းသိမ်းထားနိုင်သည်။