ပုဒ်မ ၁၄၀
ပုဒ်မ ၁၄၀
သင်္ဘောဆယ်တင်ခြင်းအစရှိသော ကိစ္စများနှင့် သက်ဆိုင်သည့် အမှုများတွင် အဆက်ဆာလူကြီးများ

(၁) သင်္ဘောဆယ်တင်ခြင်း၊ ဆွဲယူခြင်း၊ တိုက်မိခြင်းကိစ္စတစ်ရပ်ရပ်နှင့် သက်ဆိုင်သည့် ရေကြောင်းဆိုင်ရာ အမှုတစ်မှုတွင် မူလစီရင်ပိုင်ခွင့်အာဏာကိုဖြစ်စေ၊ အယူခံစီရင်ပိုင်ခွင့် အာဏာကို ဖြစ်စေ ကျင့်သုံးသောတရားရုံးသည် သင့်သည်ထင်မြင်ပါက တရားရုံးကိုကူညီရန် အလို့ငှာ အရည်အချင်းနှင့် ပြည့်စုံသော အဆက်ဆာလူကြီးနှစ်ဦးကို မိမိညွှန်ကြားသည့် နည်းလမ်းအတိုင်းသော် လည်းကောင်း၊ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း သော်လည်းကောင်း ဆင့်ခေါ်နိုင်သည်။ ထိုသို့ ဆင့်ခေါ်ပေးရန် အမှုသည် တစ်ဘက်ဘက်က လျှောက်ထားတောင်းဆိုလာလျှင် ဆင့်ခေါ်ပေးရမည်။ အဆိုပါ အဆက်ဆာလူကြီးများသည် ယင်းဆင့်ခေါ်ချက်နှင့်အညီ တရားရုံးသို့ လာရောက်ကူညီကြ ရမည်။

(၂) အဆိုပါ အဆက်ဆာလူကြီးအသီးသီးသည် တရားရုံးသို့ မိမိတို့လာရောက် ရသည့်အတွက် အခကြေးငွေများ ရရှိရမည်။ ယင်းအခကြေးငွေများကို တရားရုံးက ညွှန်ကြားသည့် အမှုသည် များကဖြစ်စေ၊ သတ်မှတ်ထားသည့် အမှုသည်များကဖြစ်စေ ပေးဆောင်ကြရမည်။