ပုဒ်မ ၂၁၈
ပုဒ်မ ၂၁၈
ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်မှုအခွင့်အာဏာ

(က) ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက် အားလုံးကို နိုင်ငံ တော်သမ္မတ၏အမည်ဖြင့် အရေးယူဆောင်ရွက်ရမည်၊

(ခ) နိုင်ငံတော်သမ္မတသည် မိမိ၏ သဘောအတိုင်းဆောင်ရွက်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်း ထားသည့် ကိစ္စရပ်များမှအပ ပြည်ထောင်စုအစိုးရက ဆောင်ရွက်ခွင့်ရှိသော ကိစ္စရပ်များအတွက် လည်းကောင်း၊ အဆိုပါကိစ္စရပ်များကို ပြည်ထောင်စုအစိုးရဝန်ကြီးများအား ခွဲဝေအပ်နှင်းရန်လည်း ကောင်း၊ ဥပဒေတစ်ရပ်ရပ်အရဆောင်ရွက်ရန် တာဝန်ရှိသောပုဂ္ဂိုလ်အား ခွဲဝေအပ်နှင်းရန်လည်းကောင်း လိုအပ်သည့်နည်းဥပဒေများ ပြဋ္ဌာန်းခွင့်ရှိသည်၊

(ဂ) နိုင်ငံတော်သမ္မတ၏အမည်ဖြင့် ထုတ်ပြန်သောအမိန့်များနှင့် ချုပ်ဆိုသောစာချုပ်စာတမ်းများသည် နိုင်ငံတော်သမ္မတက ပြဋ္ဌာန်းသည့် နည်းဥပဒေများတွင်ဖော်ပြထားသော နည်းလမ်းများနှင့်အညီ ဖြစ်စေရမည်။ ထို့ပြင် ထိုသို့ဆောင်ရွက်ထားသည့် အမိန့် သို့မဟုတ် စာချုပ်စာတမ်းများသည် နိုင်ငံတော်သမ္မတ၏အမိန့် သို့မဟုတ် စာချုပ်စာတမ်း မဟုတ်သောကြောင့် မခိုင်လုံဟု ငြင်းဆိုပိုင်ခွင့် မရှိစေရ၊

(ဃ) နိုင်ငံတော်သမ္မတသည် ပုဒ်မခွဲ (က)၊ (ခ) နှင့် (ဂ) ရှိ ပြဋ္ဌာန်းချက်များ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ မိမိ၏ တာဝန်ဝတ္တရားများကို နယ်မြေဒေသအလိုက်ဖြစ်စေ၊ အစိုးရဌာနဆိုင်ရာ လုပ်ငန်း အလိုက်ဖြစ်စေ ခွဲဝေအပ်နှင်းနိုင်သည်။



ကျင့်ထုံး