(၁) စွဲချက်မတင်ခဲ့သည့်အတွက် တရားမျှတမှ အမှန်တကယ် ကင်းမဲ့သွားစရာ အကြောင်း ဖြစ်ပေါ်စေသည်ဟု _အယူခံတရားရုံး၊ သို့မဟုတ် ပြင်ဆင်မှုရှုံးက မထင်မြင်လျှင် ထိုကဲ့သို့ စွဲချက်မတင်ခဲ့သည့်အကြောင်းမျှနှင့် မည်သည့်ဆုံးဖြတ်ချက်၊ သို့မဟုတ် ပြစ်ဒဏ်ချမှတ် ချက်ကိုမျှ တရားမဝင်ဟု မမှတ်ယူစေရ။
(၂) စွဲချက်ဘင်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် တရားမျှတမှု ကင်းမဲ့သွားစရာ အကြောင်းဖြစ်ပေါ်စေသည်ဟု အယူခံတရားရုံး၊ သို့မဟုတ် ပြင်ဆင်မှုရုံးက ထင်မြင်လျှင် စွဲချက် တင်ရန်နှင့် စွဲချက်တင်ပြီးနောက် စတင်ရမည့်အချက်မှစ၍ အမှုကို ပြန်လည် စစ်ဆေးစီရင်ရန် အမိန့်ချမှတ်ရမည်။