(၁) ပုဒ်မ ၂၁၁ အရ သက်သေစာရင်းတင်သွင်းရန်၊ သို့မဟုတ် သက်သေခံ ချက်ပေးရန် တရားခံကငြင်းပယ်သောအခါ၊ သို့မဟုတ် ၎င်းတရားခံက သက်သေခံချက်ပေးရန် ဆန္ဒဋ္ဌိလျှင်၊ သို့မဟုတ် သက်သေစာရင်းပေးလျှင်၊ သို့မဟုတ် တရားခံက သက်သေခံချက်ပေးရန် ဆန္ဒရှိကြောင်းနှင့် သက်သေစာရင်း တင်သွင်းမည်ဖြစ်ကြောင်း အတိအလင်းဖော်ပြသည့်အခါ ထို့ပြင် ရာဇဝတ်တရားသူကြီးက ထိုသို့ဆောင်ရွက်ရန်ဆုံးဖြတ်လျှင် တရားခံ၏သက်သေခံချက်နှင့် တရားခံက စစ်ဆေးလိုသည့်စာရင်းပါ သက်သေများ၏ သက်သေခံချက်ကိုရယူပြီးနောက် တရားခံကို တရားလွှတ်တော်၊ သို့မဟုတ် စက်ရှင်ရုံ။ သက်ဆိုင်ရာရာကစစ်ဆေးစီရင်ရန် လွှဲအပ်တင်ပို့ကြောင်း ရာဇဝတ်တရားသူကြီးက အမိန့်ချမှတ်နိုင်ခွင့်ရှိသည်။
(၂) ရာဇဝတ်တရားသူကြီးက တရားခံနှင့် တရားခံသက်သေများရှိလျှင် ထွက်ချက်များကို ကြားနာပြီးနောက် တရားခံကို အထက်ရုံးသို့ တင်ပို့ ရန်အကြောင်း လုံလောက်စွာ မရှိကြောင်း ကျေနှပ်လျှင် စွဲချက်ကိုပယ်ဖျက်၍ တရားခံကို စွဲချက်မတင်မီ လွှတ်နိုင်သည်။ ထို့ပြင် အဆိုပါအမှု၌ ရာဇဝတ်တရားသူကြီးသည် တရားခံကို စွဲချက်မတင်မီ လွှတ်ရသည့်အကြောင်း များကို ရေးမှတ်ရမည်။