တရားမမှုတွင် အမှုသည်တစ်ဦးဦးကမိမိအလိုအလျောက်ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ သက်သေခံလျှင် ထိုသို့သက်သေခံခြင်းကြောင့်ပုဒ်မ ၁၂၆ တွင်ဖော်ပြပါရှိသည့်အချက်များကို ထုတ်ဖော် ပြောဆိုစေရန် ထိုအမှုသည်က သဘောတူသည်ဟုမမှတ်ယူရ။ ထို့ပြင် တရားမမှုသို့မဟုတ်မှုခင်းကိစ္စ တစ်ခုတွင် အမှုသည်တစ်ဦးဦးက အဆိုပါရှေ့နေတစ်ဦးဦးအား သက်သေအဖြစ်ခေါ်ယူမေးမြန်းရာ၌ လည်း ထိုသို့မေးမြန်းခြင်းမပြုပါက ထိုရှေ့နေအနေဖြင့်ထုတ်ဖော်ပြောဆိုခွင့်မရှိသောကိစ္စကိုမေးမြန်းမှ သာလျှင် ဆိုခဲ့သည့်အတိုင်းထုတ်ဖော်ပြောဆိုစေရန် ထိုအမှုသည်ကသဘောတူသည်ဟု မှတ်ယူရမည်။