ပထမဇယားပါ နည်းဥပဒေများကို ပယ်ဖျက်ရန်၊ ပြောင်းလဲရန် သို့မဟုတ် ဖြည့်စွက်ရန်ဖြစ်စေ၊ နည်းဥပဒေသစ်များပြုရန်ဖြစ်စေ အဆိုပြုမှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ နည်းဥပဒေကော်မတီက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အစီရင်ခံရမည်။ ထို့ပြင် တရားလွှတ်တော်သည် ပုဒ်မ ၁၂၂ အရ နည်းဥပဒေများကို မပြုလုပ်မီ အဆိုပါ အစီရင်ခံချက်ကို ထောက်ထားဆင်ခြင်ရမည်။