ပုဒ်မ ၁၉
ပုဒ်မ ၁၉
တရားသူကြီး
“တရားသူကြီး” ဆိုသည်မှာ တရားသူကြီးရာထူး အမည်ခံယူသူကိုသာ ဆိုသည်မဟုတ်။ တရားမမှုတွင်ဖြစ်စေ၊ ရာဇဝတ်မှုတွင်ဖြစ်စေ ဆုံးခန်းတိုင်ရောက်စေသည့် စီရင်ချက်ကိုလည်းကောင်း၊ အယူမခံလျှင် ဆုံးခန်းတိုင်ရောက်စေမည့် စီရင်ချက်ကိုလည်းကောင်း၊ အခြားအာဏာပိုင် တစ်ဦးဦးကအတည်ပြုလျှင် ဆုံးခန်းတိုင်ရောက်စေမည့် စီရင်ချက်ကိုသော်လည်းကောင်း ချမှတ်ရန် ဥပဒေအရ အာဏာရသူကိုလည်း ဆိုသည်၊ သို့မဟုတ် ထိုကဲ့သို့သော အာဏာရသော လူစုတွင်ပါဝင်သည့် သူတစ်ဦးဦးကိုလည်း ဆိုသည်။ ဥပမာများ (က) * * * * (ခ) အယူခံခွင့်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ငွေဒဏ်သော်လည်းကောင်း၊ ထောင်ဒဏ်သော် လည်းကောင်း စီရင်နိုင်သည့်စွဲချက်နှင့်စပ်လျဉ်း၍ စီရင်ပိုင်ခွင့်အာဏာရှိသော တရားသူကြီးသည် တရားသူကြီးဖြစ်သည်။ (ဂ) * * * * (ဃ) စွဲချက်တစ်ခုခုကို စစ်ဆေးရန်သာအာဏာရှိ၍ ထိုစွဲချက်ကို စစ်ဆေးစီရင်ရန် အခြားရုံးသို့ လွှဲအပ်တင်ပို့ရသော တရားသူကြီးသည် တရားသူကြီးမဟုတ်။
ပြစ်ဒဏ်
-