(၁) တရားရုံးတစ်ရုံးရုံးက ထိန်းသိမ်းထားခြင်းမရှိသည့်ပစ္စည်းအား တစ်ရုံးထက်ပိုသော တရားရုံးများ၏ ဒီကရီတို့ကို အတည်ပြုရာ၌ ဝရမ်းကပ်ထားရာတွင် ယင်းပစ္စည်းကို လက်ခံရယူရမည့် သို့မဟုတ် ရောင်းချရမည့် တရားရုံးသည်လည်းကောင်း၊ ရောင်းရငွေကို ပိုင်ဆိုင်ကြောင်း တောင်းဆို ချက်နှင့် ယင်းပစ္စည်းအား ဝရမ်းကပ်ခြင်းကို ကန့်ကွက်ချက်ကို အဆုံး အဖြတ်ပေးရမည့် တရားရုံးသည် လည်းကောင်း အဆင့်အမြင့်ဆုံး တရားရုံးဖြစ်ရမည်။ သို့မဟုတ် ယင်းတရားရုံးများသည် အဆင့် ကွဲပြားခြင်း မရှိပါမူ မိမိဒီကရီအရ ပစ္စည်းကို ဦးစွာဝရမ်းကပ်သည့် တရားရုံးဖြစ်ရမည်။
(၂) ဤပုဒ်မပါ မည်သည့်ပြဌာန်းချက်ကမျှ ယင်းဒီကရီများအနက် ဒီကရီတစ်ရပ်ရပ်ကို အတည်ပြုသည့် တရားရုံးက အရေးယူဆောင်ရွက်သော အမှုတစ်ရပ်ရပ်ကို ပျက်ပြယ်စေသည်ဟု မမှတ် ယူရ။