ပုဒ်မ ၃၀၈
ပုဒ်မ ၃၀၈
ဆ။ ဂျူရီဖျက်သိမ်းပြီးနောက် တရားခံ အပေါ် ပြန်လည်စစ်ဆေးစီရင်ခြင်း ၊ဂျူရီဖျက်သိမ်းပြီးနောက် တရားခံအပေါ် ပြန်လည်စစ်ဆေးစီရင်ခြင်း။

ဂျူရီကိုဖျက်သိမ်းသည့်အခါတိုင်း ကိစ္စရပ်အပေါ်မူတည်၍ တရားခံကို အချုပ်နှင့် ထားရမည်၊ သို့မဟုတ် အာမခံနှင့်ထားရမည်။ ထို့ပြင် အမှုကို ပြန်လည်စစ်ဆေးစီရင်ခြင်းမပြုရန် တရားသူကြီးက ထင်မြင်ယူဆသောအခါတွင်မှတစ်ပါး အခြား ဂျူရီဖြင့် စစ်ဆေး စီရင်ရမည်။ ထိုသို့ ဆောင်ရွက်ကြောင်း တရားသူကြီးက စွဲချက်တွင် ရေးသွင်းရမည်။ အဆိုပါ ရေးသွင်းချက်သည် အမှုမှ အပြီးအပြတ်လွှတ်သကဲ့သို့ အကျိုးသက်ရောက်သည်။