ဤကျင့်ထုံးဥပဒေအရ မှုခင်းကိစ္စတစ်စုံတစ်ခုကို ဆောင်ရွက်နေစဉ်အတွင်း ပစ္စည်း၊ သို့မဟုတ် အရာဝတ္ထု၊ တစ်စုံတစ်ခုကို စစ်ဆေးပေးရန်၊ သို့မဟုတ် ဓာတ်ခွဲပေးရန်နှင့် အစီရင်ခံရန် နည်းလမ်းတကျ ပေးပို့ခဲ့သဖြင့် ဓာတုဗေဒဝန်၊ သို့မဟုတ် လက်ထောက် ဓာတုဗေဒဝန် တစ်ဦးဦးက လက်မှတ်ရေးထိုး ပြန်ကြားသည့် အစီရင်ခံစာဟုဆိုသော စာတမ်းအမှတ်အသား တစ်စုံတစ်ရာကို ကျင့်ထုံးဥပဒေအရ ဆောင်ရွက်သည့် စုံစမ်းစစ်ဆေးမှု၊ စစ်ဆေးစီရင်မှု၊ သို့မဟုတ် အခြားမှုခင်း ကိစ္စဆောင်ရွက်မှု တစ်ခုခုတွင် သက်သေခံချက်အဖြစ် အသုံးပြုနိုင်သည်။