(၁) ဆိုခဲ့သည့်ပြစ်မှုမျိုးကို မည်သည့်တရားမ၊ သို့မဟုတ် အခွန်ရုံးရှေ့တွင်မဆို ကျုးလွန်သည့်အခါ၊ သို့မဟုတ် အမှုစစ်ဆေးစီရင်သည့်အတွင်း မည်သည့်တရားမ၊ သို့မဟုတ် အခွန်ရုံးကမဆို တွေ့ရှိလာသည့်အခါ ၎င်းအမှုများကို တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၊ သို့မဟုတ် စက်ရှင် တရားရုံးကသာ စစ်ဆေးနိုင်သည်ဖြစ်လျှင်၊ သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၊ သို့မဟုတ် စက်ရှင် တရားရုံးက စစ်ဆေးစီရင်သင့်သည်ဟု အဆိုပါ တရားမ၊ သို့မဟုတ် အခွန်ရုံးက ထင်မြင်လျှင် ၎င်းအမှုကို ပုဒ်မ ၄၇၆ အရ စုံစမ်းစစ်ဆေးရန် ရာဇဝတ်တရားသူကြီးတစ်ဦးဦးထံ တင်ပို့ခြင်း မပြုဘဲ ၎င်းတရားမ၊ သို့မဟုတ် အခွန်ရုံးကပင် အမှုကိုပြည့်စုံအောင် စုံစမ်းစစ်ဆေး၍ တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ဖြစ်စေ၊ စက်ရှင်တရားရုံးသို့ဖြစ်စေ စစ်ဆေးစီရင်ရန် လွှဲအပ်တင်ပို့နိုင်သည်၊ သို့မဟုတ် အဆိုပါ တရားရုံးက တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၊ သို့မဟုတ် စက်ရှင်တရားရုံးရှေ့တွင် စစ်ဆေး ခံနိုင်ရန်အတွက် တရားခံကို အာမခံဖြင့် လွှတ်ထားနိုင်သည်။
(၂) ဤပုဒ်မအရ အမှုကို စုံစမ်းစစ်ဆေးရန်ကိုစ္စများအလို့ငှာ တရားမ၊သို့မဟုတ် အခွန်ရုံးများက ရာဇဝတ်တရားသူကြီးတစ်ဦး ရရှိသည့် အာဏာအားလုံးကို သုံးစွဲနိုင်သည်။ ၎င်းအမှုကို စုံစမ်းစစ်ဆေးရာတွင် အခန်း ၁၈ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်နိုင်သမျှ ညီညွှတ်အောင် ဆောင်ရွက်ရမည်။ ၎င်းအမှုကို စုံစမ်းစစ်ဆေးခြင်းသည် ရာဇဝတ်တရားသူကြီးက ဆောင်ရွက်ပြုလုပ်ကြောင်း မှတ်ယူရမည်။