ပုဒ်မ ၁၆၇
ပုဒ်မ ၁၆၇
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကော်မတီနှင့် အဖွဲ့များဖွဲ့စည်းခြင်း

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အပ်နှင်းထားသည့် ဥပဒေပြုရေး၊ တိုင်းရင်းသားလူမျိုးများအရေးကို လေ့လာတင်ပြနိုင်စေရေးအတွက် လိုအပ်သည့်အခါ ကော်မတီနှင့် အဖွဲ့များကိုသက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းနိုင်သည်၊

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် အထက်ပါကော်မတီနှင့် အဖွဲ့များတွင် သင့်လျော်သည့် နိုင်ငံသားများကို ထည့်သွင်းဖွဲ့စည်းနိုင်သည်၊

(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် ကော်မတီနှင့် အဖွဲ့များကို ဖွဲ့စည်းသည့်အခါ ယင်းကော်မတီ သို့မဟုတ် အဖွဲ့များ၏ အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကိုပါ သတ်မှတ်ပေးရမည်။



ကျင့်ထုံး