ပုဒ်မ ၆၆
ပုဒ်မ ၆၆
ထွက်ပြေးလျှင် လိုက်လံဖမ်းဆီးနိုင်ခွင့် အာဏာ

ဥပဒေနှင့်အညီ ချုပ်နှောင်ထားသူတစ်ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့လျှင် သို့မဟုတ် ထိုသူကို အခြားသူတစ်ဦးကကယ်လွှတ်ပေးခဲ့လျှင် ချုပ်နှောင်သူကမိမိလက်မှထွက်ပြေး လွတ်မြောက် သွားသူကို သို့မဟုတ် အခြားသူတစ်ဦးက ကယ်လွှတ်ပေးလိုက်သူကို ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် အတွင်း မည်သည့်နေရာ၌မဆို ချက်ချင်း လိုက်လံဖမ်းဆီးနိုင်သည်။