ပုဒ်မ ၁၁၅
ပုဒ်မ ၁၁၅
ငြင်းဆိုခွင့်မရှိခြင်း

တစ်စုံတစ်ယောက်သောသူသည်ကြေညာ၍ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ ပြုလုပ်ရန်ပျက်ကွက်ခြင်း ဖြင့်ဖြစ်စေ၊ အခြားသူတစ်ဦးတစ်ယောက်အားအကြောင်းအချက်တစ်ခုကို မှန်ကန်သည်ဟုယုံကြည်စေ၍ ထိုယုံကြည်ချက်အရ ပြုမူစေရန်တမင်ပြုလျှင် သို့မဟုတ် ပြုလျှင် မိမိနှင့်အခြားသူ သို့မဟုတ် ထိုသူ၏ ကိုယ်စားလှယ်တို့ဖြစ်ပွားသည့်တရားမမှု တစ်စုံတစ်ရာတွင်လည်းကောင်း၊ အခြားမှုခင်း တစ်စုံတစ်ရာ တွင်လည်းကောင်း၊ယင်းအကြောင်းအချက်နှင့်စပ်လျဉ်း၍ မမှန်ကန်ကြောင်းကိုမိမိကသော်လည်း ကောင်း၊ မိမိ၏ကိုယ်စားလှယ်ကသော်လည်းကောင်း ငြင်းဆိုခွင့်မပြုစေရ။

ဥပမာ

A သည် မြေတစ်ကွက်ကို ယင်းပိုင်မြေဖြစ်ကြောင်း B ကိုယုံကြည်စေရန်တမင် မမှန်မကန်ပြောဆိုလျက် B အား ထိုမြေကွက်ကို ဝယ်ယူစေပြီး အဖိုးငွေချေစေသည်။

ထို့နောက် အဆိုပါမြေမှာ A ပိုင်မြေဖြစ်လာ၍ A က ထိုမြေကိုရောင်းချစဉ် မိမိပိုင်မြေမဟုတ်သော ကြောင့် ရောင်းဝယ်ခြင်းကိုပယ်ဖျက်ပေးရန် လျှောက်ထားသည်။ ထိုသို့ ရောင်းချစဉ်အခါကထိုမြေကို မိမိမပိုင်ဆိုင်ကြောင်းသက်သေထင်ရှားတင်ပြရန် A အားခွင့်မပြုရ။