ပုဒ်မ ၅၆၁
ပုဒ်မ ၅၆၁
ခင်ပွန်းဖြစ်သူက ပြုကျင့်သည့် မုဒိန်းမှုနှင့် စပ်လျဉ်းသည့် အထူးပြဌာန်းချက်များ

(၁) ဤဥပဒေတွင် မည်သို့ပင် ပါရှိစေကာမူ ခရိုင်ရာဇဝတ်တရားသူကြီးမှ တစ်ပါးမည်သည့် ရာဇဝတ်တရားသူကြီးကမျှ -

(က) ယောက်ျားတစ်ဦးက ၎င်း၏ဇနီးဖြစ်သူအား ကာမစပ်ယှက်ခြင်း ဖြစ်သည့် မုဒိမ်းမှုကို အရေးယူခြင်းမရှိစေရ၊ သို့မဟုတ်

(ခ) ထိုယောက်ျားကို ၎င်းပြစ်မှုနှင့် စစ်ဆေးစီရင်ရန် လွှဲအပ်တင်ပို့ခြင်း မရှိစေရ။

(၂) ထို့ပြင် ဤဥပဒေတွင် မည်သို့ပင် ပါရှိစေကာမူ ပုဒ်မခွဲ(၁)တွင် ရည်ညွှန်းသည့် ပြစ်မှုနှင့်စပ်လျဉ်း၍ ခရိုင်ရာဇဝတ်တရားသူကြီးက ရဲအရာရှိ တစ်ဦးတစ်ယောက်ကို စုံစမ်း ထောက်လှမ်းရန် ညွှန်ကြားရန် လိုအပ်သည်ဟု ထင်မြင်လျှင် ရဲအုပ်ကြီးအောက် အဆင့်မနိမ့်သည့် မည်သည့်ရဲအရာရှိကိုမျှ ယင်းကဲ့သို့ စုံစမ်းထောက်လှမ်းစေရန်ဖြစ်စေ၊ စုံစမ်းထောက် လှမ်းရာတွင် ပါဝင်စေရန်ဖြစ်စေ မခိုင်းစေရ။