ပုဒ်မ ၈၃
ပုဒ်မ ၈၃
စီရင်ပိုင်ခွင့် အာဏာရှိသည့် နယ်မြေပြင်ပတွင် အတည်ပြုရန် ပေးပို့သည့်ဝရမ်း

(၁) ဝရမ်းထုတ်ဆင့်သည့် တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာရှိသည့် နယ်မြေပြင်ပတွင် ဝရမ်း အတည်ပြု ရန်ဖြစ်လျှင် ထိုတရားရုံးသည် ဝရမ်းကို ရဲအရာရှိတစ်ဦးသို့ ထုတ်ပေးမည့် အစား ဝရမ်းအတည်ပြုရန် စီရင်ပိုင်ခွင့်အာဏာရှိသည့် တရားသူကြီး သို့မဟုတ် ခရိုင် ရဲဝန်ထံသို့ ထိုဝရမ်းကို စာတိုက်မှဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ ပေးပို့နိုင်သည်။

(၂) အဆိုပါ ဖမ်းဝရမ်းကို လက်ခံရရှိသည့် တရားသူကြီး သို့မဟုတ် ခရိုင်ရဲဝန်သည် ထိုဝရမ်း ပေါ်တွင် မိမိ၏နာမည်ကို ထပ်ဆင့်ရေးသားရမည့်အပြင် ဖြစ်နိုင်ပါက မိမိစီရင်ပိုင်ခွင့် အာဏာနယ်မြေအတွင်း ဝရမ်းကို ရှေ့ပိုင်းတွင် ပြဋ္ဌာန်းထားသည့် နည်းလမ်းအတိုင်း အတည်ပြု စေရမည်။