ပုဒ်မ ၂၆၅
ပုဒ်မ ၂၆၅
အမှုမှတ်တမ်းနှင့် စီရင်ချက်များအတွက် ဘာသာစကား

(၁) ပုဒ်မ ၂၆၃ အရ ပြုလုပ်သည့် အမှုမှတ်တမ်းများနှင့် ပုဒ်မ ၂၆၄ အရ ရေးမှတ်သည့် စီရင်ချက်များကို ရာဇဝတ်တရားသူကြီးက ရုံးသုံးဘာသာစကားဖြင့် ရေးသားပြီး ၎င်းကိုယ်တိုင် လက်မှတ်ရေးထိုးရမည်။

ခုံရုံးများက စာရေးဝန်ထမ်းခန့်ထားရန် အာဏာအပ်နှင်းခြင်း

(၂) ပြစ်မှုများကို အကျဉ်းနည်း စစ်ဆေးစီရင်ရန် အာဏာရသည့် မည်သည့် ခုံရုံးထိုင် ရာဇဝတ်တရားသူကြီးများကိုမဆို အမှုမှတ်တမ်းကိုဖြစ်စေ၊ စီရင်ချက်ကိုဖြစ်စေ ခရိုင်ရာဇဝတ် တရားသူကြီးက ဤကိစ္စအလို့ငှာခန့်ထားသူ စာရေးဝန်ထမ်းကရေးသားနိုင်ရန် နိုင်ငံတော် သမ္မတက အာဏာအပ်နှင်းနိုင်သည်။ ထိုကဲ့သို့ရေးသားသည့် အမှုမှတ်တမ်း၊ သို့မဟုတ် စီရင်ချက်တို့ကို အမှုးဇ်ဆေးစီရင်ရာတွင် ပါဝင်သူ ခုံရုံးအဖွဲ့ဝင်တို့က လက်မှတ်ရေးထိုးကြရမည်။

(၃) ဆိုခဲ့သည့်အတိုင်း အခွင့်အာဏာ အပ်နှင်းခြင်း မရှိလျှင် ခုံရုံးအဖွဲ့ဝင် တစ်ဦးဦးက အမှုမှတ်တမ်းရေးသားပြီး လက်မှတ်ထိုးထားသည့်မှတ်တမ်းများမှာ သင့်လျော်သော မှတ်တမ်း ဖြစ်စေရမည်။

(၄) ခုံရုံးအဖွဲ့ဝင်များ သဘောမညီညွတ် ကွဲပြားကြလျှင် သဘောမတူသည့် အဖွဲ့ဝင် မည်သူကမဆို သီးခြားစီရင်ချက်ရေးသားခွင့်ရသည်။