(၁) မည်သည့်ရဲအရာရှိမဆို အောက်ပါသူများအား ဆိုခဲ့သည့် နည်းလမ်းအတိုင်း ဖမ်းဆီးနိုင်သည် သို့မဟုတ် ဖမ်းဆီးစေနိုင်သည်
(က) ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုတစ်ရပ်ကို ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် ကြိုတင် ဖုံးကွယ် နေသည်ဟု ယုံကြည်ရန်အကြောင်းရှိသော အခြေအနေတွင် အဆိုပါ ရဲအရာရှိ တာဝန် ကျသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းပိုင် နယ်မြေအတွင်း ၎င်းရှိနေခြင်းကို ဖုံးကွယ်ရန် သတိနှင့်နေကြောင်း တွေ့ရှိရသူ မည်သူမဆို သို့မဟုတ်
(ခ) အဆိုပါ ရဲအရာရှိ တာဝန်ကျသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းပိုင် နယ်မြေအတွင်း အသက် မွေးဝမ်းကျောင်းလုပ်ငန်း ထင်ထင်ရှားရှား မရှိသူ သို့မဟုတ် မိမိအကြောင်းကို ကျေနပ် လောက်အောင် ပြောမပြနိုင်သူ မည်သူမဆို သို့မဟုတ်
(ဂ) လုယက်တတ်သူ၊ အိမ်ဖောက်ထွင်းတတ်သူ သို့မဟုတ် ခိုးတတ်သူ သို့မဟုတ် ခိုးရာပါ ပစ္စည်းမှန်း သိလျက်နှင့် ခိုးရာပါ ပစ္စည်းများကို လက်ခံတတ်သူ သို့မဟုတ် ခြောက်လှန့်၍ ပစ္စည်းတောင်းယူတတ်သူ သို့မဟုတ် ခြောက်လှန့်၍ ပစ္စည်း တောင်းယူရန်အတွက် လူများကို နစ်နာစေမည်ဟု ကြောက်အောင် ခြောက်လှန့် တတ်သူ သို့မဟုတ် ယင်းသို့ ကြောက် အောင် ခြောက်လှန့်ရန် အားထုတ်သူဟု ကျော်စောသူ မည်သူမဆို။
(၂) *****************************************************************************