ပုုဒ်မ ၁၈-က
ပုုဒ်မ ၁၈-က
နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရသူများ

နိုင်ငံခြားသုံး​ငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင်ရရှိသူသည်-

(က) ယင်းဆောင်ရွက်ပေးသည့် ပြည်တွင်း၌ နေထိုင်သူ၏နိုင်ငံခြားသုံးငွေဖြင့်ပို့ကုန်ရငွေကို သတ်မှတ်ကာလအတွင်းယင်း၏ ဘဏ်ငွေစာရင်း သို့ မှန်ကန်စွာဝင်ရောက်ခြင်းရှိမရှိစိစစ်ရမည်။

(ခ) ပုဒ်မခွဲ(က) အရ စိစစ်ရာတွင် ပြည်တွင်း၌ နေထိုင်သူ၏ ဘဏ်စာရင်းသို့သတ်မှတ်ကာလအတွင်း ယင်း၏ ပို့ကုန်ရငွေဝင်ရောက်ခြင်း မရှိကြောင်း တွေ့ရှိပါက သုံးသပ်ချက်နှင့်အတူ ဗဟိုဘဏ်သို့ ဆောလျင် စွာ အစီရင်ခံ တင်ပြရမည်။