ပုဒ်မ ၄၁၃
ပုဒ်မ ၄၁၃
အမှုအသေးအဖွဲ့များတွင် အယူခံမဝင်ရခြင်း

အထက်က မည်သို့ပင်ပါရှိသော်လည်း စက်ရှင်တရားရုံးက သုံးလထက်မပိုသည့် ထောင်ဒဏ်ကိုသာဖြစ်စေ၊ ကျပ်ငွေ နှစ်သောင်းထက်မပိုသည့် ငွေဒဏ်ကိုသာဖြစ်စေ၊ ကြိမ်ဒဏ်ကိုသာ ဖြစ်စေ၊ ခရိုင်ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် အခြား ပထမတန်းအာဏာရ ရာဇဝတ်တရား သူကြီးက တစ်လထက်မပိုသည့် ထောင်ဒဏ်ကိုသာဖြစ်စေ၊ ကျပ်ငါးသောင်းထိ ငွေဒဏ်ကိုသာ ဖြစ်စေ စီရင်သည့်အချက်တွင် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူသည် အယူခံဝင်ခွင့်မရှိစေရ။

ရှင်းလင်းချက် – ငွေဒဏ်မဆောင် ပျက်ကွက်သောကြောင့် ဆိုခဲ့သည့် တရားရုံး၊ သို့မဟုတ် ရာဇဝတ်တရားသူကြီးက ချမှတ်သော ထောင်ဒဏ်စီရင်ချက်တစ်ရပ်အပေါ် အယူခံ ဝင်ခွင့်မရှိစေရ။