ပုဒ်မ ၁၉၈
ပုဒ်မ ၁၉၈
ပဋိညာဉ်ဖောက်ဖျက်မှု၊ အသရေဖျက်မှုနှင့် ထိမ်းမြားလက်ထပ်ခြင်းနှင့်စပ်လျဉ်းသော ပြစ်မှုများအတွက် တရားစွဲဆိုခြင်း

ရာဇသတ်ကြီး အခန်း (၁၉) သို့မဟုတ် အခန်း (၂၁) သို့မဟုတ် ယင်းဥပဒေ၏ ပုဒ်မ ၄၉၃ မှ ၄၉၆ ( ယင်းပုဒ်မ နှစ်ခုလုံး အပါအဝင် ) တို့တွင် အကျုံးဝင်သည့်ပြစ်မှုတစ်ရပ်ကို အဆိုပါပြစ်မှုအရ နစ်နာခြင်းခံရသူက တိုင်တန်းချက်အရမဟုတ်လျှင် မည်သည့်တရားရုံးကမျှ အရေးမယူရ။ သို့ရာတွင် ထိုသို့ နစ်နာခြင်းခံရသူမှာ အမျိုးသမီး တစ်ဦးဖြစ်၍ ၎င်း၏ တိုင်းပြည်ဓလေ့ထုံးတမ်းနှင့် အပြုအမူ အလေ့အထတို့အရ လူအများရှေ့မှောက်သို့ ရောက်ရှိရန် အတင်းအကြပ်မပြုသင့်သူဖြစ်ခြင်း သို့မဟုတ် အသက် တစ်ဆယ့်ရှစ်နှစ်အောက် ဖြစ်ခြင်း သို့မဟုတ် ဝမ်းတွင်းရူး သို့မဟုတ် ရူးသွပ်သူ တစ်ယောက်ဖြစ်ခြင်း သို့မဟုတ် ဖျားနာခြင်းကြောင့်ဖြစ်စေ၊ ထိုသူ၏ မသန်စွမ်းခြင်းကြောင့် ဖြစ်စေ တိုင်တန်းချက် မပြုနိုင်သောအခါ အခြားသူတစ်ဦးက တရားရုံး၏ ခွင့်ပြုချက်ဖြင့် ထိုသူ၏ သို့မဟုတ် ထိုသူမ၏ ကိုယ်စား တိုင်တန်းချက် ပြုလုပ်နိုင်သည်။