(၁) ဤဥပဒေအရ တရားရုံးတစ်ရုံးက ထုတ်ဆင့်သည့် သမ္မန်စာမှန်သမျှသည် စာဖြင့် ရေးသား ထားသည့် မိတ္တူနှစ်စောင် ဖြစ်စေရမည့်အပြင် ထိုတရားရုံး၏ အကြီးအကဲ အရာရှိက ဖြစ်စေ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အခါအားလျော်စွာ နည်းဥပဒေဖြင့် သမ္မန်စာ ချအပ်ရန် ညွှန်ကြားခံရသည့် အရာရှိကဖြစ်စေ လက်မှတ်ရေးထိုးပြီး ရုံးတံဆိပ် ခတ်နှိပ်ရမည်။ ( ရာဇဝတ် ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ အမှတ် ၁၆ /၂၀၁၆)
သမ္မန်စာကို မည်သူက ချအပ်ရခြင်း
(၂) ယင်းသမ္မန်စာကို ရဲအရာရှိတစ်ဦးက ချအပ်ရမည် သို့မဟုတ် နိုင်ငံတော်သမ္မတက ဤကိစ္စ အလို့ငှာ သတ်မှတ်`1သည့် နည်းဥပဒေများနှင့် မဆန့်ကျင်စေဘဲ သမ္မန်စာ ထုတ်ဆင့်သည့် တရားရုံးမှ အရာရှိတစ်ဦးကဖြစ်စေ၊ အခြား ပြည်သူ့ဝန်ထမ်းကဖြစ်စေ ချအပ်ရမည်။