ဂျူရီလူကြီးတစ်ဦးတစ်ယောက်က အမှုနှင့်စပ်ဆိုင်သည့် အကြောင်းခြင်းရာ တစ်စုံတစ်ရာကို ကိုယ်တိုင်သိရှိလျှင် ထိုသို့သိရှိကြောင်းကို တရားသူကြီးထံ အသိပေးရန် တာဝန်ဝတ္တရားရှိသည်။ ထိုသို့အသိပေးသောအခါ အခြားသက်သေတစ်ဦးတစ်ယောက်အား စစ်မေးသည့် နည်းလမ်းအတိုင်း ၎င်းကို ကျမ်းကျိန်ဆိုစေ၍ စစ်မေးပြီးနောက် ပြန်လှန်စစ်မေးခြင်း၊ ထပ်မံစစ်မေးခြင်းများ ပြုလုပ်နိုင်သည်။