တိုင်တန်းချက်အရ သမ္မန်စာထုတ်ပြီးနောက် ရုံးသို့ဘရားခံလာရောက်ရန် ချိန်းဆိုသည့် နေ့တွင်ဖြစ်စေ၊ ထိုနေ့ရက်လွန်ပြီးနောက် အမှုကိုကြားနာရန် ရွှေ့ဆိုင်းသည့်နေ့တွင်ဖြစ်စေ တိုင်တန်းသူမရောက်ရှိခဲ့လျှင် ရာဇဝတ်တရားသူကြီးသည် အကြောင်းတစ်စုံတစ်ရာကြောင့် အခြားနေ့ရက် တစ်ရက်ရက်သို့ ရွှေ့ဆိုင်းရန်သင့်သည်ဟု မထင်မြင်ပါက အထက်တွင် မည်သို့ပင် ပါရှိ စေကာမူ တရားခံအား အမှုမှ အပြီးအပြတ် လွှတ်ရမည်။
သို့ရာတွင် တိုင်တန်းသူမှာ ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်ပြီး၊ ၎င်းကိုယ်တိုင် ရုံးသို့ လာရောက်ရန်လည်း မလိုအပ်သည့်အခါ ရာဇဝတ်တရားသူကြီးက ၎င်းကို ရုံးသို့မလာရောက်စေဘဲ အမှုကို ဆက်လက် ဆောင်ရွက်နိုင်သည်။