ပုဒ်မ ၆၄
ပုဒ်မ ၆၄
ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များ

(က) မည်သူမဆို ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့်စပ်လျဉ်း၍ လိမ်လည်စွပ်စွဲ တိုင်တန်းကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

(ခ) မည်သူမဆို အီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးရာတွင် မဲပေးချက်ဖော်ပြသည့်စက်မှ ပြသသည့်ဆန္ဒမဲဖြတ်ပိုင်းတွင် မိမိမဲပေးထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်နှင့် သင်္ကေတ အမှတ်အသားမဟုတ်ဘဲ အခြားလွှတ်တော် ကိုယ်စားလှယ်လောင်းအမည်နှင့် သင်္ကေတအမှတ်အသားကို မှားယွင်းဖော်ပြသည်ဟု မမှန်မကန်တိုင်တန်းကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်။

(ဂ) မည်သူမဆို ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန်ဖြစ်စေ၊ ရွေးကောက်ပွဲပျက်ပြား စေရန်ဖြစ်စေ စုဝေးဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ ပိုစတာများအသုံးပြုခြင်း သို့မဟုတ် အခြားနည်းဖြင့် အားထုတ်ကြိုးပမ်းခြင်းကို ကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန် အားပေးကူညီကြောင်း၊ အီလက်ထရောနစ်မဲပေးစက်ကို တစ်နည်းနည်းဖြင့် ဖျက်ဆီးခြင်း သို့မဟုတ် ပျက်စီးအောင်ပြုလုပ်ခြင်း သို့မဟုတ် ယူဆောင်သွားခြင်းပြစ်မှုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။