ဥပဒေတစ်ရပ်ရပ်အရ ပြဋ္ဌာန်းထားသော ငွေကြေးဆိုင်ရာ ကန့်သတ်ချက်များ (pecuniary limitations) သို့မဟုတ် အခြားကန့်သတ်ချက်များကို ထောက်ထား၍ အောက်ပါ တရားမမှုများကို ယင်းပစ္စည်း တည်ရှိရာ ဒေသအတွင်း စီရင်ပိုင်ခွင့်အာဏာ (jurisdiction) ရှိသော တရားရုံးတွင် စွဲဆိုရမည် -
သို့ရာတွင် တရားပြိုင်ကိုယ်တိုင် သို့မဟုတ် တရားပြိုင်၏ ကိုယ်စား လက်ရှိထားသော မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့် စပ်လျဉ်း၍ သက်သာခွင့် ရလိုမှု သို့မဟုတ် ထိခိုက်နစ်နာကြေး ရလိုမှုတွင် တောင်းဆိုသော သက်သာခွင့်ကို တရားပြိုင် ကိုယ်တိုင် လိုက်နာဆောင်ရွက်ပေးခြင်း (personal obedience) ဖြင့် အပြည့်အဝ ရရှိနိုင်ပါက အဆိုပါ အမှုကို ပစ္စည်းတည်ရှိရာ ဒေသအတွင်း စီရင်ပိုင်ခွင့်ရှိသော တရားရုံး၌ဖြစ်စေ၊ တရားပြိုင် အမှန်တကယ်နှင့် မိမိသဘောအလျောက် နေထိုင်ရာ (resides)၊ လုပ်ငန်းဆောင်ရွက်ရာ (carries on business) သို့မဟုတ် ကိုယ်ကျိုးအမြတ်အစွန်းအတွက် ကိုယ်တိုင် အလုပ်လုပ်ကိုင်ရာ (personally works for gain) ဒေသအတွင်း စီရင်ပိုင်ခွင့်ရှိသော တရားရုံး၌ဖြစ်စေ စွဲဆိုနိုင်သည်။။
ရှင်းလင်းချက်။ ။ဤပုဒ်မတွင် “ပစ္စည်း”ဆိုသည်မှာ ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်း တည်ရှိသောပစ္စည်းကို ဆိုသည်။