ကျင့်ထုံးပုဒ်မ ၄၈၈အရ မယား၊သို့မဟုတ် ကဓလေးစရိတ်ပေးရန်၊ သို့မဟုတ် မယား၊ သို့မဟုတ် ကလေးစရိတ်ပေးရန် လျှောက်လွှာတစ်စောင်ကို ပယ်သည့်အမိန့်၊ သို့မဟုတ် ပုဒ်မ ၄၈၉ အရ စရိတ်ပြောင်းလဲပြင်ဆင်ပေးရန် လျှောက်လွှာကို ခွင့်ပြုသည့်အမိန့်၊ သို့မဟုတ် ပယ်သည့် အမိန့်တစ်ရပ်တွင် နစ်နာသူတစ်ဦးတစ်ယောက်သည် အဆိုပါအမိန့်ကို စက်ရှင်တရားရုံးသို့ အယူခံဝင်နိုင်သည်။