ပုဒ်မ ၁၄၉
ပုဒ်မ ၁၄၉
ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်သူတိုင်းသည် တူညီသောရည်ရွယ်ချက်အတိုင်း ဆောင်ရွက်ရာ၌ ပြစ်မှုကို ကျူးလွန်ရာရောက်ခြင်း

ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်သူတစ်ဦးဦးက ထိုအစုအဝေး၏ တူညီသော ရည်ရွယ်ချက်အတိုင်း ဆောင်ရွက်ရာ၌ ပြစ်မှုတစ်ခုကို ကျူးလွန်လျှင် သို့မဟုတ် ထိုသို့တူညီသော ရည်ရွယ်ချက်အတိုင်း ဆောင်ရွက်ရာ၌ ကျူးလွန်တန်ရာသည်ဟု ထိုအစုအဝေး၌ ပါဝင်သူများကသိသော ပြစ်မှုကို ကျူးလွန်လျှင် ထိုပြစ်မှုကို ကျူးလွန်စဉ်က ထိုအစုအဝေး၌ ပါဝင်သူတိုင်းသည် ထိုပြစ်မှုကို ကျူးလွန်ရာရောက်သည်။


ကျင့်ထုံး


  1. ရဲအရေးပိုင်သည်။
  2. ကနဦးကပင် ဝရမ်းထုတ်ဖမ်းဆီးခွင့် ရှိသည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. မူရင်းပြစ်မှုကို စစ်ဆေးစီရင်နိုင်သော တရားရုံးက စစ်ဆေးနိုင်သည်။