ပုဒ်မ ၂၆ အရ ချမှတ်သောအမိန့်ကို မကျေနပ်လျှင် ပုဒ်မ ၄ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) ပါ မဲဆန္ဒ နယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူဖြစ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲသို့လည်းကောင်း၊ ပုဒ်မ ၄ ပုဒ်မခွဲ (ဂ) ပါ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူ ဖြစ်ပါက ကော်မရှင်သို့လည်းကောင်း သတ်မှတ်ထားသည့်အတိုင်း အယူခံခွင့်ရှိသည်။
(ခ) ပုဒ်မခွဲ (က) အရ အယူခံသည့်ကိစ္စများတွင် ကော်မရှင်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ၏ အဆုံးအဖြတ်သည် ပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက်မှတစ်ပါး အပြီးအပြတ် ဖြစ်စေရမည်။