တရားမ မူလစီရင်ပိုင်ခွင့်အာဏာကို တစ်ဦးတစ်ယောက်ကကျင့်သုံးသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် အခြားသူတစ်ဦးကိုယ်စား လျှောက်ထားပြောဆိုခြင်း သို့မဟုတ် သက်သေများအား စစ်မေးခြင်းကို တရားလွှတ်တော်က ခွင့်ပြုသည့်အခါမှတပါး ဤဥပဒေပါ ပြဌာန်းချက်များကြောင့် ခွင့်ပြုသည်ဟု မှတ်ယူခြင်းမပြုရ သို့မဟုတ် တရားလွှတ်တော်က တရားရုံးချုပ်ရှေ့နေများနှင့် ပတ်သက်သည့် နည်းဥပဒေများပြုပိုင်ခွင့်ကို ဤဥပဒေပါ ပြဌာန်းချက်များက စွက်ဖက်သည်ဟု မှတ်ယူခြင်းမပြုရ။