ဂျူရီလူကြီးတစ်ဦးအပေါ် အောက်ဖော်ပြပါအကြောင်းပြချက်များဖြင့် ကန့်ကွက် ခဲ့ပြီး တရားရုံးက ထိုကန့်ကွက်ချက်များကို ကျေနပ်ခဲ့လျှင် ကန့်ကွက်ချက်ကို ခွင့်ပြုရမည်–
(က) ဂျူရီလူကြီးတစ်ဦးအပေါ် ဘက်လိုက်မှုရှိကြောင်း ထင်မြင်ယူဆခြင်း၊ သို့မဟုတ် အမှန်တကယ်ဘက်လိုက်မှုရှိခြင်း၊
(ခ) နိုင်ငံခြားသားဖြစ်ခြင်း၊ တည်ဆဲဥပဒေ၊ သို့မဟုတ် ဥပဒေကဲ့သို့ အာဏာရှိသော နည်းဥပဒေတစ်ရပ်ရပ်အရ လိုအပ်သည့် အရည်အချင်း ချို့တဲ့ခြင်း၊ သို့မဟုတ် အသက်နှစ်ဆယ့်တစ်နှစ်အောက်ဖြစ်ခြင်း၊ သို့မဟုတ် အသက်ခြောက်ဆယ် အထက်ဖြစ်ခြင်းစသည့် ပုဂ္ဂိုလ်ရေး အကြောင်းပြချက်များ၊
(ဂ) ၎င်း၏အလေ့အထအရဖြစ်စေ၊ ဘာသာရေးကတိသစ္စာပြိုချက်အရဖြစ်စေ လူမှုရေးကိစ္စရပ်များကို စွန့်လွှတ်ထားခြင်း၊
(ဃ) တရားရုံး၊ သို့မဟုတ် ထိုတရားရုံး၏ လက်အောက်ရုံး တစ်ရုံးတွင် အလုပ်လုပ်ကိုင်လျက်ရှိခြင်း၊
(င) ပြည်သူ့ရဲတာဝန်ဝတ္တရားများကို ဆောင်ရွက်ခြင်း၊ သို့မဟုတ် ပြည်သူ့တာဝန် ဝတ္တရားများ အပ်နှင်းခံထားရခြင်း၊
(စ) ၎င်းကျူးလွန်ခဲ့သောပြစ်မှုတစ်စုံတစ်ရာကြောင့် ဂျူရီအဖြစ် ဆောင်ရွက်ရန် မသင့်တော်ကြောင်း တရားရုံးကထင်မြင်ယူဆခြင်း၊
(ဆ) သက်သေခံချက်ရယူသည့် ဘာသာစကားကို၊ သို့မဟုတ် ထိုသက်သေ ခံချက်ကို ဘာသာပြန်ဆိုပေးသည့် ဘာသာပြန်ဆိုချက် ဘာသာစကားကို နားလည်နိုင်စွမ်းမရှိခြင်း၊
(ဇ) အခြား အမှုအဖြစ်အပျက်အကြောင်းအရာ တစ်စုံတစ်ရာအရ ဂျူရီလူကြီး အဖြစ် မသင့်တော်ကြောင်း တရားရုံးက ထင်မြင် ယူဆခြင်း၊