အစိုးရရှေ့နေသည် မိမိတာဝန်ယူရသည့် မည်သည့်အမှုတွင်မဆို ပြုလုပ်မှုသည် စုံစမ်းစစ်ဆေးမှု၊ စစ်ဆေးစီရင်မှု၊ သို့မဟုတ် အယူခံအမှု၌ အမိန့်စာမပါဘဲ မည်သည့်တရားရုံး ရှေ့မဆို ရောက်ရှိ၍ အမှုလိုက်ပါဆောင်ရွက်လျှောက်လဲနိုင်သည်။
ပုဂ္ဂိကငှားရမ်းသော ရှေ့နေများသည် ၎င်းညွန်ကြားမှုအောက်တွင် ရှိနေရခြင်း။
ထို့ပြင် အဆိုပါအမှုမျိုးတွင် တစ်ဦးတစ်ယောက်က အခြားတစ်ဦးကို မည်သည့် တရားရုံးတွင်မဆို အမှုစွဲဆိုရန် ရှေ့နေတစ်ဦးကို ငှားရမ်းလျှင်လည်း အစိုးရရှေ့နေကပင် တရားစွဲဆိုမှုကို ဆောင်ရွက်ရမည်။ ငှားရမ်းသည့်ရှေ့နေသည် ထိုအမှုတွင် အစိုးရရှေ့နေ၏ ညွှန်ကြားမှုများအရ ဆောင်ရွက်ရမည်။