အမှုသည်တစ်ဦးသည် စာရွက်စာတမ်းတစ်ခုကိုတင်ပြရန် အကြောင်းကြားစာရရှိပြီးဖြစ်သော် လည်း၊ ထိုစာရွက်စာတမ်းကိုတင်ပြရန် ငြင်းဆိုလျှင် ထိုသူသည် ဆန့်ကျင်ဘက် အမှုသည်၏သဘောတူ ခွင့်ပြုချက်မရဘဲသို့မဟုတ် တရားရုံး၏အမိန့်မရဘဲနောင်တွင် ထိုစာရွက်စာတမ်းကိုသက်သေခံအဖြစ် ဖြင့်တင်ပြခွင့်မရှိချေ။
ဥပမာ
A က B အပေါ်တွင် ကတိစာချုပ်တစ်ခုအရ တရားစွဲဆို၍ ထိုကတိစာချုပ်ကို တင်ပြရန် B အားအကြောင်းကြားစာပေးသည်။ အမှုစစ်ဆေးသည့်အခါ A က ထိုစာချုပ်ကိုတောင်းဆိုသော်လည်း B ကတင်ပြရန် ငြင်းဆိုသည်။ A ကထိုစာချုပ်ပါ အကြောင်းအရာများနှင့်စပ်လျဉ်း၍ ဒုတိယအဆင့် သက် သေခံချက်တင်ပြသည်။ B က A တင်ပြသည့် ဒုတိယအဆင့်သက်သေခံချက်ကိုဆန့်ကျင်ရန် သို့မဟုတ် ထိုစာချုပ်တွင်တံဆိပ်ခေါင်းကပ်ထားခြင်းမရှိကြောင်း တင်ပြရန် အလို့ငှာ မူရင်းကတိစာချုပ်ကိုတင်ပြလို သည်။ သို့သော်လည်း B သည်ထိုမူရင်းစာချုပ်ကိုတင်ပြခွင့်မရှိချေ။