စကားမပြောနိုင်သော သက်သေတစ်ဦးသည် စာရေးသားတင်ပြခြင်း သို့မဟုတ် လက်ရိပ်ခြေရိပ်ပြခြင်းကဲ့သို့ သူတစ်ပါးနားလည်နိုင်သော အခြားနည်းတစ်နည်းနည်းဖြင့် သက်သေတင်ပြနိုင်သည်။သို့ရာတွင် ထိုကဲ့သို့စာရေးသားတင်ပြခြင်း သို့မဟုတ် လက်ရိပ်ခြေရိပ်ပြခြင်းကို တရားရုံးတွင် လူအများရှေ့၌ ပြုလုပ်ရမည်။ ထိုကဲ့သို့တင်ပြသောသက်သေခံချက်ကို နှုတ်သက်သေခံချက်ဟုမှတ်ယူရမည်။