ပုဒ်မ ၅၀၀
ပုဒ်မ ၅၀၀
အချုပ်မှ လွှတ်ခြင်း

(၁) ခံဝန်ချုပ်ကို ချုပ်ဆိုပြီးလျှင်ပြီးချင်း ရောက်ရှိရန် ခံဝန်ချုပ်ဆိုပေးရသူကို လွှတ်ရမည်။ ထိုသူသည် အကျဉ်းထောင်၌ရှိနေပါက အာမခံခွင့်ပြုသောတရားရုံးက ထိုသူအား လွှတ်ရန် အကျဉ်းထောင်တာဝန်ခံအရာရှိထံသို့ အမိန့်တစ်ရပ် ထုတ်ဆင့်ရမည်။ အဆိုပါအရာရှိသည် တရားရုံး၏ အမိန့်ကိုရရှိသောအခါ ထိုသူကို လွှတ်ရမည်။

(၂) ခံဝန်ချုပ် ချုပ်ဆိုရသည့် အကြောင်းအရာမှတစ်ပါး အခြားအကြောင်းအရာ တစ်စုံတစ်ရာကြောင့် ချုပ်နှောင်ထားသင့်သူတစ်ဦးကို ဤပုဒ်မ၊ ပုဒ်မ ၄၉၆၊ သို့မဟုတ် ပုဒ်မ ၄၉၇ ပါ မည်သည့်ပြဋ္ဌာန်းချက်အရမျှ လွှတ်ပေးရန် လိုအပ်သည်ဟု မမှတ်ယူရ။