ပုဒ်မ ၃၆၁
ပုဒ်မ ၃၆၁
သက်သေခံချက်ကို တရားခံအား သို့မဟုတ် ၎င်း၏ရှေ့နေအား ဘာသာပြန်ဆိုပြခြင်း

(၁) သက်သေခံချက်တစ်ရပ်ကို တရားခံနားလည်သော ဘာသာစကားတစ်ခုဖြင့် ပေးသောအခါတိုင်း၊ ထို့ပြင် တရားခံကိုယ်တိုင်ရှိနေလျှင် ထိုသက်သေခံချက်ကို တရားခံ နားလည်သည့် ဘာသာစကားဖြင့် လူသိရှင်ကြား တရားခွင်တွင် တရားခံအား ဘာသာပြန်ဆိုပြရမည်။

(၂) တရားခံသည် ရှေ့နေဖြင့်လာရောက်လျှင်၊ ထို့ပြင် သက်သေက တရားရုံး သုံးမဟုတ်သည့် ဘာသာစကားဖြင့် သက်သေခံချက်ပေး၍ ထိုဘာသာစကားကို ရှေ့နေက နားမလည်လျှင် ယင်းသက်သေခံချက်ကို ရှေ့နေအား တရားရုံးသုံးဘာသာစကားဖြင့် ပြန်ဆို ပေးရမည်။

(၃) စာတမ်းအမှတ်အသားများကို နည်းလမ်းတကျ သက်သေထင်ရှားအောင် ပြရန်ကိစ္စအလို့ငှာ တင်သွင်းသည့်အခါ ၎င်းစာတမ်းအမှတ်အသားများတွင် အဓိပ္ပာယ် ပြန်ဆိုပေးရန် လိုသည်ဟု ထင်မြင်သမျှကို တရားရုံး၏သဘောအတိုင်း ဘာသာပြန်ဆိုပေးရမည်။