ပုဒ်မ ၆၇
ပုဒ်မ ၆၇
ငွေပေးဆပ်ရန် ဒီကရီများကို အတည်ပြုရာတွင် မြေရောင်းချမှုနှင့် သက်ဆိုင်သည့် နည်းဥပဒေများ ပြုလုပ်ရန် နိုင်ငံတော်သမ္မတ၏အာဏာ

(၁) ငွေပေးဆပ်စေရန် ဒီကရီများကို အတည်ပြုရာတွင် (execution of decrees for the payment of money) မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်သည့် မြေတွင် အကျိုးသက်ဆိုင်ခွင့် အမျိုးအစားများကို ရောင်းချရာ၌ ယင်းအကျိုးသက်ဆိုင်ခွင့်မှာ မသေချာမရေရာသဖြင့် တန်ဖိုးသတ်မှတ်ရန် မဖြစ်နိုင်ဟု နိုင်ငံတော်သမ္မတ (President of the Union) က ထင်မြင်ယူဆပါက စည်းကမ်းချက်များ သတ်မှတ်သည့် နည်းဥပဒေများကို ပြန်တမ်း (Gazette) တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ပြဋ္ဌာန်းနိုင်ပါသည်။

(၂) ဤကျင့်ထုံးဥပဒေ စတင်အာဏာတည်သည့် နေ့ရက်၌ ဒေသတစ်ခုခုတွင် ဒီကရီအတည်ပြုရာ၌ မြေရောင်းချခြင်းနှင့် စပ်လျဉ်း၍ အထူးနည်းဥပဒေများ (special rules) အာဏာတည်လျက်ရှိပါက နိုင်ငံတော်သမ္မတသည် အဆိုပါ နည်းဥပဒေများကို ဆက်လက် အာဏာတည်စေရန် သို့မဟုတ် ပြင်ဆင်ပြောင်းလဲ၍ အာဏာတည်စေရန် ပြန်တမ်းတွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ကြေညာနိုင်ပါသည်။

သို့မဟုတ် အလားတူ အမိန့် ကြော်ငြာစာ ထုတ်ပြန်၍ ယင်းဥပဒေသများကို ပြောင်းလဲ ပြင်ဆင်နိုင်သည်။

ဤပုဒ်မခွဲအရ အပ်နှင်းသောအာဏာကို ကျင့်သုံး၍ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ အသီးသီးတွင် ဆိုခဲ့သည့် ဆက်လက်အတည်ဖြစ်သည့် သို့မဟုတ် ပြောင်းလဲပြင်ဆင်သည့် ဥပဒေသ များကို ဖော်ပြရမည်။