ပုဒ်မ ၁၀၅
ပုဒ်မ ၁၀၅
ဥပဒေအဖြစ် ထုတ်ပြန်ကြေညာခြင်း
(က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်မှ ပေးပို့လာသည့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုသော သို့မဟုတ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည် ဖြစ်သော ဥပဒေကြမ်းများကို လက်ခံရရှိသည့်နေ့၏ နောက်တစ်နေ့မှ ၁၄ ရက်အတွင်း လက်မှတ်ရေး ထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရမည်၊ (ခ) နိုင်ငံတော်သမ္မတသည် ဥပဒေကြမ်းတစ်ရပ်ကို လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရန် သတ်မှတ်ထားသည့် ကာလအတွင်း မိမိ၏သဘောထား မှတ်ချက်နှင့်အတူ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်ပေးပို့နိုင်သည်၊ (ဂ) နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရန် သတ်မှတ်ထားသည့် ကာလအတွင်း ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတကမိမိ၏ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ခြင်း မပြုလျှင်သော်လည်းကောင်း၊ ဥပဒေကြမ်းကို လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာခြင်း မပြုလျှင်သော်လည်းကောင်း၊ သတ်မှတ်ကာလ ပြည့်မြောက်သည့်နေ့ရက်တွင် ဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတ၏ လက်မှတ်ရေးထိုးချက်ကို ရရှိပြီးသကဲ့သို့ ဥပဒေဖြစ်လာရမည်။
ပြစ်ဒဏ်
-