ရွေးကောက်ပွဲခုံအဖွဲ့ဝင်များသည် အစီရင်ခံစာတင်ပြရာ၌ဖြစ်စေ၊ ရွေးကောက်ပွဲကန့်ကွက်လွှာနှင့် စပ်လျဉ်းသော အခြားကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက်ရာ၌ဖြစ်စေ သဘောထားကွဲလွဲလျှင် အများစု၏ သဘောထားဆန္ဒ အတိုင်းဆုံးဖြတ် ဆောင်ရွက်ရမည်။ သဘောထားကွဲလွဲသည့် အဖွဲ့ဝင်ရှိလျှင် ယင်း၏ အကြောင်းပြချက် အကျဉ်းချုပ်ကို ထိုအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြ၍ လက်မှတ်ရေးထိုးခွင့်ရှိသည်။